2024 မှာ B2B services အနေနဲ့ company များ၊ Shopping Center များ၊ စျေးများ၊ ဘာသာရေးအဆောက်အဦးများ၊ စာသောက်ဆိုင်များ၊ ဆီဆိုင်များ၊ Hotel & Residence၊ Embassy၊ Amusement Park၊ NGOs၊ Banks ၊ အဆောင်များ စသည့် ▪️နေရာပေါင်း 40မှာ ရှိသော မီးသတ်ဆေးဗူးများကို “အခမဲ့” စစ်ဆေးပေးခဲ့ပါတယ် ▪️နေရာပေါင်း 15သို့ သွားရောက်၍ မီးသတ်ဆေးဗူးထားရှိသင့်သည့် အမျိုးအစား အရေအတွက်များကို မြန်မာနိုင်ငံ မီးသတ်ဌာန၏ လမ်းညွှန်ချက်နဲ့အညီ “အခမဲ့” ဆာဗေးဆင်းပေးခဲ့ပါတယ် ▪️နေရာပေါင်း 19မှာ “အခမဲ့” မီးဘေးသရုပ်ပြပွဲများ ပြုလုပ်ပေးခဲ့ပါတယ် ▪️နေရာပေါင်း 50မှာ “အခမဲ့” တပ်ဆင်ပေးခဲ့ပါတယ်။ လာမည့် 2025 မှာလည်း ပိုမိုကောင်းမွန်တဲ့ B2B services များနဲ့ Myat Noe Lay Company မှ လူကြီးမင်းတို့ လုပ်ငန်းများကို စေတနာ၊ မေတ္တာရှေ့ထားပြီး ဆောင်ရွက်ပေးသွားပါမယ်ခင်ဗျာ။ တစ်နှစ်တာလုံး အားပေးခဲ့ကြတဲ့ မိတ်ဆွေလုပ်ငန်းရှင်ကြီးများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ 🙏 #ProductOfMyanmar #SMILEFireExtinguisher #madeinmyanmar #yangon #SmileFireExtinguisher #MadeInMyanmar #FireSafety #Yangon #smilefireextinguisher #ProtectYourSpace #FireExtinguisher #မီးသတ်ဆေးဗူး #မြန်မာပြည်တွင်ထုတ်လုပ်သည် #smileမီးသတ်ဆေးဗူး
Myat Noe Lay Co., Ltd
Public Safety
Only one authorized Fire Extinguishers Manufacturing Company in Myanmar (Smile Fire Extinguishers)
About us
Certified by ✅ ISO 9001-2015 ✅ Myanmar Fire Service Department ✅ Myanmar Ministry of Industry
- Website
-
https://www.facebook.com/MyatNoeLayCompany/
External link for Myat Noe Lay Co., Ltd
- Industry
- Public Safety
- Company size
- 51-200 employees
- Headquarters
- Yangon
- Type
- Privately Held
Locations
-
Primary
U Chit Maung Street
42
Yangon , MM
Employees at Myat Noe Lay Co., Ltd
Updates
-
2010 ခုနှစ်မှစ၍ မြန်မာနိုင်ငံမီးသတ်ဌာန၏ ထောက်ခံချက်ရရှိပြီး ISO 9001:2015 လက်မှတ်ရ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် တစ်ခုတည်းသော မီးသတ်ဆေးဗူးစက်ရုံဖြစ်သည့် SMILE မီးသတ်ဆေးဗူးစက်ရုံမှာ 2024 ခုနှစ် တစ်နှစ်တာလုံးမှာ မီးသတ်ဆေးဗူးပေါင်း 7895ဗူးကို အရည်အသွေးပြည့်မှီစွာ Refill ပြုလုပ်ခဲ့ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ မီးသတ်ဆေးဗူးများကို အသုံးပြုပြီးတာနဲ့ ဖြစ်စေ၊ အကြောင်းကြောင်းကြောင့် ဂိတ်ဘားကျသွားသည်ဖြစ်စေ Refill ပြုလုပ်တဲ့အခါမှာ ကျွန်တော်များရဲ့ SMILE မီးသတ်ဆေးဗူးစက်ရုံကို ရွေးချယ်ပေးခဲ့တဲ့အတွက် ကျေးဇူးရှင် customer များကို ကျေးဇူးဥပကာရတင်ရှိပါသည်။ 2025 ခုနှစ်မှာလည်း ဒီလုပ်ငန်းကြီးကို customer များအတွက် ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားလုပ်ကိုင်သွားပါမည်ဟု ကတိကဝတ်ပြုအပ်ပါသည်။ #SMILEFireExtinguisher #ProductOfMyanmar #madeinmyanmar #မီးသတ်ဆေးဗူး #မြန်မာပြည်တွင်ထုတ်လုပ်သည် #SmileFireExtinguisher #MadeInMyanmar #FireSafety #Yangon #smilefireextinguisher #FireExtinguisher
-
2025 မှာ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော မီးသတ်ဆေးဗူးစက်ရုံ အနေဖြင့် ပိုမိုကောင်းမွန်စနစ်ကျပြီး ပြည်တွင်း၊ပြည်ပအဆင့်အတန်းမှီဖို့ Cloud Based ERP System အတွက် Myat Noe Lay Co., Ltd - SMILE မီးသတ်ဆေးဗူးစက်ရုံမှ ဝန်ထမ်းများ စတင် Training ယူနေကြပါပြီ #ProductOfMyanmar #SMILEFireExtinguisher #madeinmyanmar #yangon #fireextinguisherrefillservice #SmileFireExtinguisher #MadeInMyanmar #Yangon #ProtectYourSpace
-
မြတ်နိုးလေးကုမ္ပဏီလိမိတက်ပိုင် မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော မီးသတ်ဆေးဗူးစက်ရုံမှာ SMILE အမှတ်တံဆိပ်မီးသတ်ဆေးဗူးများကို 2010 ခုနှစ်မှစ၍ မြန်မာနိုင်ငံမီးသတ်ဌာန၏ ထောက်ခံချက်၊ စက်မှုဝန်ကြီးဌာန၏ထောက်ခံချက်ဖြင့် မြန်မာတစ်နိုင်ငံလုံး ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ခေတ်မှီသောပြည်တွင်းထုတ်ကုန်ဖြစ်လာစေရန်အတွက် ရည်ရွယ်ကာ 2010 မှ 2017 ထိ ISO 9001:2008 ဖြင့်လည်းကောင်း၊ 2017 မှ ယနေ့ထိ ISO 9001:2015 ဖြင့်လည်းကောင်း UK Quality Management System ဖြင့် ပြည်တွင်းစက်ရုံကိုလည်ပတ်လျက်ရှိပါသည်။ သံပြား၊ ပေါင်ဒါမှုန့်မှအစ Packaging Materials များအထိ အခြားသော ကုန်ကြမ်းများကိုလည်း အရည်အသွေးပြည့်မှီစွာ COA ပေးနိုင်သော ပြည်တွင်းပြည်ပ supplier များကိုသာ ရွေးချယ်ဝယ်ယူပြီး အသုံးပြုနေတာဖြစ်ပါသည်။ ဒါ့အပြင် ခေတ်မှီသော စက်ကိရိယာများဖြင့် လည်ပတ်လျက်ရှိတဲ့ SMILE မီးသတ်ဆေးဗူးစက်ရုံမှာ အသုံးပြုသည့်ပေါင်ဒါမှုန့်ကအစ ကျန်းမာရေးဝန်ကြီးဌာန၏ ထောက်ခံချက်ရရှိပြီးဖြစ်ပါသည်။ စက်ရုံတိုက်ရိုက်ဖြစ်သည့်အတွက် နိုင်ငံခြားမှ သက်တမ်းလွန်/ အသုံးပြုပြီးသားမီးသတ်ဆေးဗူးများဖြစ်နေမှာမစိုးရိမ်ရပဲ အရေအတွက်များများကို စျေးနှုန်းမှန်ကန်စွာဖြင့်ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါသည်။ B2B စနစ်ဖြင့် ဝယ်ယူပါက အခမဲ့ဝန်ဆောင်မှုများအနေဖြင့် အရောက်ပို့ပေးခြင်း၊ တပ်ဆင်ပေးခြင်း၊ ရှင်းပြပေးခြင်းအပြင် survey စစ်ဆေးပေးခြင်း၊ မီးဘေးသရုပ်ပြပွဲများကို မြန်မာနိုင်ငံမီးသတ်ဌာန၏ လမ်းညွှန်ချက်များနှင့်အညီပြုလုပ်ပေးခြင်း၊ customer များလိုအပ်ပါက (၆)လတစ်ကြိမ်လာရောက် စစ်ဆေးပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။ SMILE မီးသတ်ဆေးဗူးများ ဝယ်ယူပါက ပေါင်ဒါမှုန့်၊ လေဖြည့်တင်းမှုအပါအဝင် မီးသတ်ဆေးဗူးတစ်ခုလုံးကို (၃)နှစ် အာမခံချက်ပေးထားပြီး (၃)နှစ်အတွင်း ဂိတ်ဘားအစိမ်းမှတ်မှ ကျဆင်းသွားပါက အသစ်တစ်ဗူး ပြန်လဲပေးတဲ့ဝန်ဆောင်မှုလည်း ရှိပါသည်။ ၁၀နှစ်ကျော်အထိ ဂိတ်ဘားအစိမ်းမှာရှိပြီး အသုံးပြုလို့ ရသေးသည့် SMILE မီးသတ်ဆေးဗူးများကို customer များထံမှ ပြန်လည်သိမ်းဆည်းထားသည့်မှတ်တမ်းများအရ SMILE ရဲ့ နိုင်ငံတကာအဆင့်မှီထုတ်လုပ်နိုင်ကြောင်း ပြယုဂ်များပဲဖြစ်ပါသည်။ ဆက်ကြောင်းရာပါသည့်မီးသတ်ဆေးဗူးများက ပေါက်ကွဲနိုင်သလားလို့ ယူဆချက်များကို ခေတ်မှီပြည်တွင်းထုတ်ကုန်အနေနဲ့ လုံခြုံစွာအသုံးပြုနိုင်ကြောင်း စင်ကာပူနိုင်ငံအပါအဝင် နိုင်ငံတကာမှာ စက်ကြောင်းပါတဲ့ မီးသတ်ဆေးဗူးများကို အသုံးပြုကြောင်းသိရှိလက်ခံကြတဲ့ ဒိတ်ဒိတ်ကြဲစီးပွါးရေးလုပ်ငန်းများနှင့် ယုံကြည်စွာလက်တွဲပြီး သက်သေထူပြလျက်ရှိပါသည်။ ဒါတင်မကသေးပဲ မည်သည့်တံဆိပ်မဆို အခမဲ့ စစ်ဆေးပေးပြီး ဂိတ်ဘားဝါးခြင်း၊ အသုံးပြုထားခြင်း၊ ပေါင်ဒါမှုန့်ခဲခြင်းစသည်တို့ဖြစ်ပေါ်နေပါက Refill ပြန်လည်ပြုလုပ်ပေးပါသည်။ Refill ပြုလုပ်ရာမှာလည်း 2010 ခုနှစ်ကတည်းက Refill Service ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသောစက်ရုံဖြစ်သည့် အားလျော်စွာ စက်ရုံမှထုတ်လုပ်သည့်အတိုင်း 50% Dry Chemical Powder ပြန်လည်ဖြည့်တင်းကာ တစ်ပတ်အတွင်း အဆင့်ဆင့်အစအဆုံးပြန်လည်စစ်ဆေးပေးပြီး အသစ်နီးပါးကောင်းမွန်အောင် ပြုလုပ်ပေးလျက်ရှိပါသည်။ လူကြီးမင်းတို့ အိမ်နှင့် လုပ်ငန်းခွင် မီးဘေးလုံခြုံမှုအတွက် မြန်မာ့နံပါတ် (၁)ရွေးချယ်မှု SMILE မီးသတ်ဆေးဗူးကို စက်ရုံနဲ့ အရောင်းပြခန်းများအပြင် Ocean Supermarket, Capital Hypermarket, ကိုယ်စားလှယ်ဆိုင်များ, New Storeနှင့် Citymall Online တို့မှာ လွယ်လွယ်ကူကူဝယ်ယူရရှိနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ”အမှတ်တမဲ့မှ အမှတ်တရ မဖြစ်စေဖို့ 🧯 SMILE မီးသတ်ဆေးဗူး ဆောင်ထားစို့" #fireextinguisherfactoryinmyanmar #smilefireextinguisher #proudlymadeinmyanmar
-
အငွေ့မီးသတ်ဆေးဗူးလို့ customer များခေါ်ကြတဲ့ CO2 Type မီးသတ်ဆေးဗူးများကို SMILE မှာ size စုံ instock ရရှိနိုင်ပါပြီခင်ဗျာ။ ဘာကြောင့် CO2 မီးသတ်ဆေးဗူးကို ဆောင်ထားသင့်လဲ (၁) CO2 မီးသတ်ဆေးဗူးများဟာဆိုရင် Class C ဖြစ်တဲ့ Electrical Appliances များကို ငြှိမ်းသတ်ဖို့ သီးသန့်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ (၂) ငြှိမ်းသတ်ရာမှာလည်း ဓာတ်လိုက်မှုမဖြစ်ပေါ်ခြင်း၊ အကြွင်းအကျန်များ မကျန်ခဲ့ခြင်း၊ အငွေ့ဖြစ်ခြင်းကြောင့် electrical ပစ္စည်းများ ဆုံးရှုံးမှုကို လျော့ချနိုင်ခြင်း တို့ကြောင့် server ခန်းများနဲ့ ဓာတ်ခွဲခန်းများအတွက် အထူးသင့်လျှော်ပါတယ်ခင်ဗျာ။ (၃) စတင် ဖျန်းပက်လိုက်လို့ ထွက်လာတဲ့ CO2 ဓာတ်ငွေ့ များက မီးလောင်မှုကို အားပေးတဲ့ O2 (အောက်စီဂျင်) နေရာမှာ အစားထိုးနေရာဝင်ယူပေးခြင်းဖြင့် CO2 မီးသတ်ဆေးဗူးများက မီးငြှိမ်းသတ်ပေးတာဖြစ်ပါတယ်။ (၄) CO2 ဓာတ်ငွေ့က greenhouse gas ဖြစ်တာကြောင့် အိုဇုန်းလွှာကို မထိခိုက်စေတဲ့ Environmental Friendly မီးသတ်ဆေးဗူးအမျိုးအစားလည်းဖြစ်ပါတယ်ခင်ဗျာ။ သတိထားရမယ့် အချက်တွေကတော့ - (၁) CO2 မီးသတ်ဆေးဗူးများကို အသုံးပြုတော့မယ်ဆိုရင် 3’ ကနေ 8’ အကွာမှ ငြှိမ်းသတ်ရမှာဖြစ်တာကြောင့် မီးနဲ့ နီးနိုင်သလောက် အနီးဆုံးသွားရမှာဖြစ်ပါတယ်။ (၂) Class A ဖြစ်တဲ့ အဝတ်အထည်နဲ့ စက္ကူ စသည်တို့မှာ အသုံးပြုလို့ရမှာ မဟုတ်ပါဘူးခင်ဗျာ။ (၃) အလုံပိတ်အခန်းထဲမှာ အသုံးပြု၍ မရနိုင်ပါဘူးခင်ဗျာ။ (၄) CO2 ဓာတ်ငွေ့ကို ဖျန်းပက်လိုက်တဲ့အခါ အေးခဲမှု ရရှိမှာဖြစ်ပါတယ်။ (၅) အိမ်သုံးမီးသတ်ဆေးဗူးအမျိုးအစား မဟုတ်တဲ့အပြင် CO2 မီးသတ်ဆေးဗူးများက လေးလံတဲ့အတွက် DCP မီးသတ်ဆေးဗူးများလို အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုများ အလွယ်တကူ မသယ်ယူနိုင်ပါဘူးခင်ဗျာ။ (၆) Refill ပြုလုပ်လို့မရပါဘူးခင်ဗျာ။ အကောင်းဆုံးကတော့ CO2 မီးသတ်ဆေးဗူး ဝယ်ယူတော့မယ်ဆိုရင် ကျွမ်းကျင်သူများရဲ့ အကြံပေးချက်များကို ရယူပြီးမှ ဝယ်ယူဆောင်ထားသင့်ပါတယ်ခင်ဗျာ။
-
📣 The wait is over! Visit Us at Booth A2 on the First Day of THAI EXPO YANGON 2024! THAI EXPO YANGON 2024 is happening today at the Yangon Convention Center (YCC) and will run from December 6–8, 2024. 🎉 Special Highlights for Today (Day 1): 📸 Meet with Aye Chan Maung and Paing Ta Khon! This is your chance to meet with them in person.🥰 📍 Venue: Yangon Convention Center (YCC) 📅 Dates: December 6–8, 2024 ⏰ Time: 9AM-5PM Come explore, enjoy, and celebrate with us at Booth A2! We, SMILE Fire Extinguisher Team will looking forward to seeing you there! #ProductOfMyanmar #SMILEFireExtinguisher #madeinmyanmar #yangon #SmileFireExtinguisher #MadeInMyanmar #smilefireextinguisher #thaiexpo2024
-
Customer များ လိုအပ်တဲ့အချိန် အနီးဆုံးမှာ ပြေးဝယ်လို့ရအောင် SMILE က လူကြီးမင်းတို့နဲ့ အနီးဆုံးနေရာတွေမှာ ရှိနေပါပြီ🥰 Local MSME Products တွေကိုပဲ ရောင်းချပေးနေတဲ့ New Store by New SME Co-op Convenience Store မှာ အဆင့်မြင့် မြန်မာ့ပြည်တွင်းထုတ် SMILE မီးသတ်ဆေးဗူးများကို ဝယ်ယူလို့ရနေပြီနော်🤩 ပြည်တွင်းထုတ်ကုန်များဖြင့်သာ မြို့နယ်တိုင်း ဖွင့်လှစ် ရောင်းချမယ့် New Store Convenient Store မှာ - SMILE ရဲ့ 🧯 ကားသုံးမီးသတ်ဆေးဗူး 🧯 အိမ်သုံးမီးသတ်ဆေးဗူး 🧯 ရုံးသုံးမီးသတ်ဆေးဗူးတွေကို အလွယ်တကူ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။ SMILE မီးသတ်ဆေးဗူးများဟာဆိုရင်တော့ မြန်မာနိုင်ငံ မီးသတ်ဌာန၏ ထောက်ခံချက်၊ စက်မှုဝန်ကြီးဌာန၏ ထောက်ခံချက်၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဘေးအန္တရာယ်ကင်းရှင်းကြောင်းထောက်ခံချက်အပြင် ISO 9001:2015 လက်မှတ်ရ ပြည်တွင်းစက်ရုံမှ ထုတ်လုပ်ထားတဲ့ ABC Dry Chemical Powder Type ဖြစ်တာကြောင့် သာမာန်မီးလောင်မှုများကိုသာမကပဲ လျှပ်စစ် ဝါယာရှော့ခ်ကြောင့် မီးလောင်ကျွမ်းခြင်းအပြင် လောင်စာဆီများကြောင့် ဖြစ်ပေါ်သော မီးလောင်ကျွမ်းခြင်းများကိုပါ ထိရောက်စွာ ငြှိမ်းသတ်ပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။အသုံးမပြုသေးမချင်း ရာသက်ပန် အခမဲ့ စစ်ဆေးပေးကာ အသုံးပြုရလွယ်ကူပြီး အသုံးပြုပြီးရင်လည်း အလွယ်တကူ Refill ပြုလုပ်နိုင်တာဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ ပထမဆုံးထုတ်လုပ်ထားတဲ့ SMILE မီးသတ်ဆေးဗူးများကို ပွင့်လင်းရာသီအတွက် ကြိုတင်ဆောင်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ 🏪 New Store 001 အမှတ် ၁၅၊ ဝေဠုဝန်လမ်းကျယ်ထိပ်၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်။ #မြန်မာပြည်တွင်ထုတ်လုပ်သည် #မီးသတ်ဆေးဗူး #ProductOfMyanmar #SMILEFireExtinguisher #madeinmyanmar #yangon #SmileFireExtinguisher #MadeInMyanmar #FireSafety #Yangon #newstore #smilefireextinguisher #ProtectYourSpace #FireExtinguisher
-
ပွင့်လင်းရာသီမှာ မီးဘေးအန္တရာယ် ဂရုအပြုရဆုံး နေရာတစ်ခုဆိုရင်တော့ ဓာတ်ဆီအရောင်းဆိုင်တွေပါပဲ မမျှော်လင့်ထားတဲ့အချိန် ချက်ချင်းဖြစ်ပွါးတတ်တဲ့ မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့အတွက် Highway ဓာတ်ဆီအရောင်းဆိုင်ကတော့ SMILE ကို ချိတ်ဆက်ပြီး မီးသတ်ဆေးဗူးများကို အသုံးပြ၍ ရနိုင်/မရနိုင်နဲ့ တခြားသော စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါတယ်ခင်ဗျာ။ လူကြီးမင်းတို့ ကုမ္ပဏီ၊ စက်ရုံ၊ ဓာတ်ဆီအရောင်းဆိုင် နဲ့ တခြားသော လုပ်ငန်းခွင်များမှာရှိနေတဲ့ မီးသတ်ဆေးဗူးများ စစ်ဆေးချင်တယ်ဆိုးင်တော့ 095028000 သို့ ရုံးချိန်အတွင်း ဆက်သွယ်ပြီး Appointment ရယူနိုင်ပါတယ်ခင်ဗျာ။ #ProductOfMyanmar #SMILEFireExtinguisher #madeinmyanmar #yangon #fireextinguisherrefillservice #SmileFireExtinguisher #MadeInMyanmar #FireSafety #Yangon #smilefireextinguisher #ProtectYourSpace #FireExtinguisher #fireextinguisherinspection
-
ဒီဇင်ဘာ ၆ရက်နေ့ကနေ ၈ရက်နေ့အထိ Yangon Convention Center မှာ ပြုလုပ်မယ့် ထိုင်းကုန်စည်ပြပွဲမှာ SMILE မီးသတ်ဆေးဗူးလည်း ဆိုင်ခန်း နံပါတ် A2 မှာ ရှိနေမှာ ဖြစ်ပါတယ်ခင်ဗျာ။ကားသုံး၊ ရုံးသုံး၊ ဆိုင်သုံး မီးသတ်ဆေးဗူးများကို 5% Off နဲ့ ရောင်းချပေးမယ့်အပြင် နောက်ထပ်လုံးဝမထင်မှတ်ထားမယ့် Surprise အကြီးစား Promotion တစ်ခုလည်း ပါဝင်မှာမို့ အားလုံးကို ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ 🌟 ထိုင်းကုန်စည်ပြပွဲကြီးကို ဆိုင်ခန်းပေါင်း 𝟏𝟑𝟓 ခန်းဖြင့် 2024 ခုနှစ်၏အစည်ကားဆုံးနှင့် အမြိုင်ဆိုင်ဆုံး ပွဲတော်ကြီးအဖြစ် ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်🌟 🎉 ထိုင်းနိုင်ငံရဲ့ လူကြိုက်အများဆုံးနှင့် အကောင်းဆုံးဖက်ရှင် product များ၊ စားသောက်ကုန်များ၊ အိမ်သုံးပစ္စည်းများ၊ ကျန်းမာရေးနှင့်အလှအပဆိုင်ရာ ကဏ္ဍမျိုးစုံ ပါဝင်မှာဖြစ်ပြီး 💡 ဒီပွဲကြီးမှာဆိုရင်~ ✅ မြန်မာနိုင်ငံရှိ ထိပ်တန်း အနုပညာရှင်အဆိုတော်များ ရဲ့ 🌟သီဆိုဖျော်ဖြေမှုများကို ခံစားနိုင်မှာဖြစ်ပြီး ✅ အရည်အသွေးပြည့်မှီသောထိုင်းထုတ်ကုန်များ 🛒ကို လည်းအထူးစျေးနှုန်းချိုသာစွာဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။ ပါဝင်သွားမဲ့ ကုန်ပစ္စည်းတွေအနေနဲ့ ~ 🍲 စားသောက်ကုန်များ : အသင့်စား၊ Frozen & Chilled Foods စသော အရည်အသွေးမြင့်စားသောက်ကုန်များ 👗 အဝတ်အထည်နှင့် နေ့စဥ်အသုံးအဆောင်ပစ္စည်းများ : ထိုင်းနိုင်ငံထုတ် accessories နှင့် အဝတ်အထည်များ 💄 Cosmetic & Beauty : လူသိများထင်ရှားသောအမှတ်တံဆိပ် မိတ်ကပ်နှင့် Skincare ပစ္စည်းမျိုးစုံ 🏠 မီးသတ်ဆေးဗူးအပါအဝင် အိမ်သုံးပစ္စည်းများ : အရည်အသွေးပြည့်မှီသော အိမ်သုံးနှင့် မီးဖိုချောင်သုံးပစ္စည်းများ 📦 Packaging Solutions : ခေတ်မှီလှပသော ပစ္စည်းထုတ်ပိုးမှုဝန်ဆောင်မှုများ နှင့် packaging ပစ္စည်းများ 🎓 ပညာရေးအဖွဲ့အစည်းများ : ထိုင်းနိုင်ငံရှိ international schools, colleges နှင့် universities များတွင် စျေးနှုန်းသင့်တင်စွာ ပညာသင်ကြားနိုင်မည့် အခွင့်အရေးများ 🏥 ကျန်းမာရေးဝန်ဆောင်မှုများ : ထိုင်းနိုင်ငံရှိ ထိပ်တန်း ကျန်းမာရေးဆိုင်ရာ၊အလှအပဆိုင်ရာဝန်ဆောင်မှုများနှင့် ဆေးရုံကြီးများ 🛍️ အထူးလျှော့စျေးများ : စျေးနှုန်းသင့်တင့်သော ထိုင်းထုတ်ကုန်များ 🍲 ထိုင်းအစားအသောက်နှင့် အချိုယမကာများ : ထိုင်းရိုးရာဟင်းလျာအရသာစစ်စစ်များ 🎭 ထိုင်းရိုးရာ ဖျော်ဖြေပွဲများ : ထိုင်းရိုးရာအကအလှနှင့် တူရိယာတီးခတ်မှုများ ပါဝင်သွားမည့်အပြင် 🎨🍲 Workshops & Seminars: သစ်သီးပုံဖော်ပွဲ၊ ထိုင်းဟင်းချက်ပြပွဲ စသည့် တင်ဆက်ပြသမှုများ လည်းပါဝင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင်လာရောက်လည်ပတ်ကြသူများကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ..... တန်ဖိုးမြင့်🌟 Lucky Draws နှင့် Giveaways 🎁 ပေါင်း များစွာကိုလည်း နေ့စဥ်ပြန်လည်ပေးအပ်သွားမှာဖြစ်တဲ့အတွက် လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ် 🌟 🎉🌟 ဝင်ကြေးလေးကတော့ အခမဲ့ပါနော် 🌟🎉 #thaiexpoyangon2024 #thaieventinmyanmar #thaifood #thaifashion #thaicosmetics #thaibeautyproducts #ThaiProducts #ThaiHospital #ThaiEducation #thaifair #thailandtravel #thailand #thai #ThaiCulture #thairestaurant #thaicuisine #ProductOfMyanmar #SMILEFireExtinguisher #madeinmyanmar #yangon #မီးသတ်ဆေးဗူး #SmileFireExtinguisher #MadeInMyanmar #FireSafety #smilefireextinguisher #ProtectYourSpace #FireExtinguisher #ProudlyMadeInMyanmar